တို့လက်များဖြင့်

ဤလက်စုံဖြင့်

က ခ ဂ ဃ ၊ စာလုံးလှကို

သပ်ရပ်ခန့်ညား ၊ သိမှတ်ပွားအောင်

ငါတို့ရေးချယ်နိုင်ကြသည်။


ဤလက်စုံဖြင့်

ကစားခုန်စား ၊ အားကစားကို

နေ့ညမနား ၊ တို့အများက

လှုပ်ရှားပြုလုပ်နိုင်ကြသည်။


ဤလက်စုံဖြင့်

တွေးဆကြံမှု ၊ စုစုပြုကာ

ကဗျာဂီတ ၊ တေးသံလှကို

ငါတို့ပြုစုနိုင်ကြသည်။


ထိုမှတပါး ၊ တို့လက်များဖြင့်

အနန္တဂိုဏ်းဝင် ၊ ကျေးဇူးရှင်ဖြစ်

မွေးကျေးဇူးရှင် ၊ တို့မိခင်နှင့်

ကျွေးကျေးဇူးရှင် ၊ တို့ဖခင်အား

မွေးဖွားကျွေးပြု ၊ မှုစုစုတွက်

တဖန်ပြန်လည်(လီ) ၊ ကြွေးဆပ်မည်ဟု

စိတ်ဝယ်ရည်သန် ၊ မြတ်စိတ်မှန်ဖြင့်

ကျွေးမွေးစောင့်ရှောက်သင့်ပေသည်……….။

3 comments:

ဒီဇင်ဘာနှင်း said...

လက်နှစ်ဘက်နဲ့ ဘာလုပ်သင့်တယ်ဆိုတာကို သတိပေးထားတာလေး အရမ်းကောင်းပါတယ်။

Anonymous said...

ဘာလုပ်သင့်လဲဆိုတာကို ပြောပြတာ ကျေးဇူး ။ လက်တွေက မိဘတွေပေးထားတဲ့အမွေပဲတစ်ခုခုတော့လုပ်သင့်တာပေါ့ ထာဝရအတွက် တစ်ခုခုး)

တင့်ထူးရွှေ said...

မိဘကတော့ သားသမီးတွေ ဆီက ရပါစေ လို့ မမျှော်လင့်ကြပေမယ့် သားသမီးတွေ ရဲ့ သိတတ်မှု့လေးကိုတော့ လိုလားကြပါတယ်
တို့လက်များဖြင့် အမိအဘ တို့ ကို ကျေးဇူးဆပ်နိုင်ကြပါစေ