ကျောင်းအပ်ချိန်

ရင်ဝယ်ချမ်းမြ သမီးလှနှင့်
သားလှရတနာ မေ့သည်းချာကို
ပညာအမွေ ပေးနိုင်စေဖို့
လာလေသွားစို့ ကျောင်းအပ်ဖို့လျှင်
ကြိုလို့ပြင်ဆင် ပျော်ပျော်ရွှင်ပေါ့
ရင်ကော့ခေါင်းမော့ ခပ်ကြော့ကြော့နှင့်
သော့သော့လျင်လျင် ကျောင်းသို့ဝင်ပြီ
မိခင်ပြုံးနိုင်လွန်းတကား။ ။

ပန်းတောင်းသန်းကြွယ်