အဖေ၊အမေမရှိလျှင်လ
ရွှေအတိဆင်စေဦးတော့
အမြင်သာအသွင်ဆန်းပေလိမ့်
နန်းတော်ကြီးက အရုပ်အိမ်။
အဖေ၊အမေရှိလျှင်ပေါ့
ရွှေမရှိနေလေဦးတော့
အဆင်းဗလာမွဲနုပ်သေးသော်လည်း
တဲကုပ်ကလေး
အေးရိပ်ငြိမ်။
ခွဲမလွှတ်နိုင်ဘု
စွဲညွှတ်ခဲ့မိဘအိမ်
ငြိမ်သက်မြဲအလှတရား။
သားအမိအိမ်
ပတ္တမြားမရှိ ၊ စိန်မစီပေမယ့်
မမှိန်ပြီမေတ္တာတန်ခိုးတွေကြောင့်
ရိုးလို့မသွား။
2 comments:
မိဘ ရှိနေတယ်ဆိုတဲ့ အသိရှိနေရင်ကို အေးချမ်းနေတယ်လို့ ထင်တယ် တဲအိုပျက်လေးပဲဖြစ်ဖြစ်ပေါ့။ ခမ်းနားထည်ဝါမှုတွေမလိုပါဘူး။ ကောင်းတယ် မေတ္တာဖွဲ့ ကဗျာလေးးးးးး)
အိမ်ကလေး ဆိုတဲ့ အဖွဲ့လေး ကောင်းတယ်ဗျာ
ရင်ထဲမှာနွေးထွေးတဲ့ အသိလေး ခံစားရတယ်
Post a Comment