လွမ်းမပြေ မှန်းလေတွေးမိတော့
ကမ်းအခြေ ဖျန်းလေသွေးရယ်နှင့်
လှိုင်းလေက တသွင်သွင်။
တောင်စောင်းထိပ် စေတီရိပ်ဆီက
မှုန်ပျရီ နေခြည်နုမှာဖြင့်
ဝေငှကာ မေတ္တာနှောသံက
နားဝသို့ ချိုချိုလွင်။
တမ်းကာရော် မှန်းမပျော်လည်း
ဝေးအနေ ဆွေးလေသမို့
မြို့နဲ့ခြား တောကြားလေးရယ်က
အမိုးချာ ကျိုးကာပျက်ပေမယ့်
မေတ္တာမှန် ရင့်သန်လွန်းလှတဲ့
အတွေးစ ကလေးဘ၀ရွယ်က
အမေ့အိမ် မွေ့ချိန်လေးများကို
တမ်းတတလွမ်း။
7 comments:
တောကြားလေးကိုရောက်နေသော မောင်ဝဿန်မှ အမေ့အိမ် မွေ့ချိန်လေးများကို တမ်းတတလွမ်း....:P
မိုက်တယ်broရေ....တမ်းတလို့ လွမ်းကတော့တော်တော်မှန်တယ်...:D
မင်းကဗျာကို တစ်ပုဒ်ကို ဖတ်ရတိုင်း အမေ့ကို ၂ဆ ပိုလွမ်းတယ်ကွာ
ကောင်းမှကောင်း လွမ်းမှလွမ်း..
အန်တီရေ... အန်တီသား တစ်ခွက်ကို တစ်မြုံမြုံသောက်ရင်း လွမ်းလို့ စပ်ထားတာထင်ပါ့... လွမ်းလိုက်တာဗျာ....
ကောင်းလိုက်တဲ့ကဗျာလေးဗျာ အားပေးနေပါ့မယ်
ဝဿန်က အမေကဗျာတွေကို စွဲ၂မြဲ၂ရေးတာတွေ့ ရတယ် လေးစား အားကျတယ်ဝေ့ ။
Post a Comment