(က)
၁၉၈၅
“အမေ သားကို ကျောင်းလိုက်မပို့တော့နဲ့ဗျာ၊ ကျွန်တော်ရှက်တယ်၊ သူငယ်ချင်းတွေက မုန့်သည်မသားလို့ ၀ိုင်းဝိုင်းစကြတယ်”
“သား လမ်းမှာ စက်ဘီးတွေတိုက်မှာ စိုးလို့ပါကွယ်၊ အဓိက က သားပညာတတ်ဖို့ပါ၊ သားလေးပညာတတ်မှ အမေတို့လို မဆင်းရဲမှာလေ၊ သားရှက်တယ်ဆိုရင်လည်း အမေ လိုက်မပို့တော့ပါဘူး၊ သားစာကြိုးစားနော်”
(ခ)
၂၀၀၈
“အဖေ သားကိုကျောင်းလိုက်မပို့တော့နဲ့ဗျာ၊ ကျွန်တော်ရှက်တယ်၊ သူငယ်ချင်းတွေက ဆိုက်ကားသမားသားလို့ ၀ိုင်းဝိုင်းစကြတယ်”
(ဂ)
သားမျက်နှာကို ငေးမောရင်း…….. သတိရလိုက်တာ အမေရယ်…..။
ဇော်မျိုးအောင်(အောင်လံ)
4 comments:
တော်တယ်ဗျာ ..... လုံးဝ လုံးဝ ကြိုက်တယ် ...
မိဘမေတ္တာဖော်ကျုးထားတဲ့ ၀တ္တုတိုလေးပေမဲ့ ဖတ်လိုက်ရတာ ရင်ထဲကိုနစ်ဝစ်သွားစေတယ်...
း)
တိုတိုလေးနဲ့..အရမ်းကို ခံစားရပါသည်။ :(
ကောင်းပါသည်။
လိုရင်းနဲ့ တိုတိုရှင်းရှင်းလေးပါလား။ ကောင်းပါပေသည်။
ဒါပေမဲ့ သိလိုသေးသည်။
(သားမျက်နှာကို ငေးမောရင်း…….. သတိရလိုက်တာ အမေရယ်…..။) တဲ့......
နောက်ဆက်တွဲလေးကို။
ဆင်းရဲခြင်းတွေ ကင်းဝေးကြပါစေ။
lknt
Post a Comment