မွှေးရနံ့ကသင်းလို့ကြိုင်
နို့၊ ထောပတ်စုံလင်စွာနဲ့
နိုင်ငံခြားဖြစ်ထုတ်လုပ်ရောင်းတာမို့
ကိတ်မုန့်လေးကောင်းလိုက်ပုံက
ချိုအီလို့မြိုင်။
ဘယ်ရာတွေ ဘယ်လိုကောင်းလဲ
အုန်းသီးဖြူး ဆားပွင့်လူးကာ
ဟိုရင်ခါ အမေလုပ်ကျွေးတဲ့
မုန့်စိမ်းပေါင်း အငွေ့တထောင်းထောင်းကို
ဘယ်မှီပါ့မလဲ။
9 comments:
ရိုးရိုးရှင်းရှင်းနဲ့ ထိမိတဲ့ကဗျာလေး။ cake နဲ့ မုန့်စိမ်းပေါင်း ဘယ်သူလဲနှိုင်မလဲ။
ဖြစ်သင့်တာပဲကွ....အမေလုပ်ကျွေးတဲ့ မုန့်စိမ်းပေါင်း အငွေ့တစ်ထောင်းထောင်းလေးကိုတော့ ဘယ်မှီနိုင်ပါ့မလဲနော်.....
ကဗျာလေးက တိုတိုလေးနဲ့ထိမိတယ်..
အဆင်ပြေပါစေ
တကယ်ကိုကောင်းပါ၏...:)
တိတယ်နော် ခုလောလောဆယ်ဘက်ပြိုင်နေလို့
့အမေလုပ်ကျွေးဖူးတဲ့ မုန့်စိမ်းပေါင်းကို အမှတ်ရတမ်းတနေတယ်ဟုတ်...:P
ကိုဝဿန်ရေ......
မုန့်စိမ်းပေါင်းမစားရတာ ၃နှစ်ရှိပြီဗျာ.....လွမ်းတယ်
ဘယ်လောက်ပဲကောင်းပါတယ်ဆိုတဲ့ စားစရာတွေနဲ့ပြိုင်ပြုင် အမေ့လက်ရာကိုတော့ မမှီဘူးလေ ကဗိာလေးက ကောင်းတယ်
မုန့်စိမ်းပေါင်းတော့ မစားဘူးဘူးကွာ။ အမေ ချက်ကြွေးတဲ့ ဟင်းကတော့ တော်တော်စားလို့ကောင်းတယ်။ :)
မောင်လေးရေ မုန့်စိမ်းပေါင်းစားချင်တယ်ကွဲ့... မစားရတာလဲ ကြာပေါ့... မုန့်စိမ်းပေါင်းဆို မုန့်စိမ်းပေါင်းဖြူဖြူလေးကိုမှ ကြိုက်တတ်လို့ မေမေက ခဏခဏဆူတတ်တာကို ပိုအမှတ်ရတယ်ကွယ်...
ကောင်းလိုက်တဲ့ကဗျာလေးဗျာ..တကယ်ကို.ရင်ထိကဗျာ
ပါ....
ကောင်းတယ်..........
Post a Comment