ရောက်တဲ့အရပ်မှာ ပျော်အောင်နေ
တွေ့တဲ့သူနဲ့ တည့်အောင်ပေါင်း
ပြိုင်လာသူကို အရှုံးပေး
နှလုံးအေးသည့် ဆေး တဲ့။
မှာလေသည့်မေမေ့စကား
မှတ်သားကာသားနာယူလို့
ရောက်ရာမှာပျော်အောင်နေလည်း
ဒီနေရာအမေနဲ့ဝေးတာမို့
ဆွေး ဘယ်ခါပျော်ပါ့မလဲ။
တွေ့သူကိုတည့်အောင်ပေါင်းလည်း
လူဆိုတာအတ္တလွှမ်းတာမို့
မေမေ့လိုမေတ္တာဓါတ်မျိုးကို
ငတ်မွတ်နေဆဲ။
ပြိုင်သူကိုအရှုံးပေးလည်း
နိုင်သူကိုဖိနှိပ်တတ်တဲ့
လူ့အတ္တမာနတောမှာ
စိတ်ဝမ်းဘယ်ခါအေးပါ့မလဲ။
4 comments:
ကောင်းလိုက်တဲ့ ကဗျာလေး ကိုဝဿန်ဦး၊
ခရီးထွက်တိုင်း မှာတတ်တဲ့ အမေ့ ကိုသတိရစေတယ်။
သားအပေါ်စိုးရိမ်စိတ်နဲ့ မှာပေမယ့်
“လောက”လူသားတွေရဲ့ အတ္တစိတ်တွေကြောင့်
အမေ့စကားကို သွေဖီရမလိုဖြစ်နေပြီ။
အဆင်ပြေပါစေ...
လောကမှာနေတတ်အောင် မေမေမှာနေကျစကားများပေါ့နော် အကိုဝဿန်ရေ...း)
အဲဒီစကားတွေက တကယ်ကို တန်ဖိုးရှိတဲ့ စကားတေါပါပဲ
မိုက်တယ်အကိုရေ..ဆက်သာရေး အားပေးတယ်
Post a Comment