ကျေပါစေရွယ် နို့စက်ငယ်

“လာတုန်းကလည်း တစ်ယောက်တည်းနော့

လက်တွဲခေါ်ကာ ဖေါ်မပါဘူး

ဥစ္စာချည်းနှီး ကိုယ်ထီးတည်း

ပြန်သွားတော့လည်း တစ်ယောက်တည်းနော့

လက်တွဲခေါ်ကာ ဖေါ်မပါဘူး

ဥစ္စာချည်းနှီး ကိုယ်ထီးတည်း”


သံစဉ်စာသား ထိုတေးသွားအား

များစွာသတိ ထားကာရှိကာ

ပဋိပက္ခ ပယောဂနှင့်

မလိုတမာ အဘိဇ္ဖာပြင်

လောဘ၊ဒေါသ မောဟများနှင့်

အစွဲအလမ်း အတ္တလွှမ်းသည့်

ဘဒ္ဒကမ္ဘာ ဤလူ့ရွာမှ

လွတ်မြောက်စေရာ အေးငြိမ်းသာမည့်

တရားစဉ်မှတ် အကျင့်မြတ်အား

စိတ်ထားဖြူနု သီလမှုဖြင့်

ပြုပါစေလို မနောချိုဖြင့်

မေမေ့သည်းချာ သားလက်လျာမှ

ကျေးဇူးအကြီး ဓမ္မနည်းဖြင့်

ဆပ်ခြင်းမမြည် ဆပ်ပါသည်။

4 comments:

virgin said...

ကျေးဇူးဆပ်ချင်လွန်းလို့
ကြိုးစားနေပါတယ်။
လူ့ရွာကို ခဏလာရတာ
တော်တော်ပင်ပန်းတယ်နော်။
စိတ်ညစ်စရာတွေရော ပူပင်စရာတွေရော..
ပျော်စရာတွေရောပေါ့..
အဲဒီထဲက အေးချမ်းမှု တစ်ခုကို
ရချင်ပေမယ့် .......
sweetycloud

ein said...

ကဗျာလေး ခံစားသွားတယ် ၀ဿန်...
မိဘကျေးဇူးသိတတ်ပြီး ဆပ်ခြင်းမမြည် ဆပ်နိုင်တဲ့
သားကောင်းသားမြတ်တစ်ယောက်ဖြစ်ပါစေရှင်...း)

အညာသား said...

သာဓု သာဓု သာဓု ပါ မောင်ဝဿန် :)

လားရှိုးသူ said...

မိဘမေတ္တာ စီးသည့်ရေ အလား၊ အသွားရှိ၍ အပြန်မရှိသည့် စုန်ရေလိုဘဲလေ၊ မိဘက သားသမီး ဘယ်လောက်ဘဲ များပါစေလေ၊ ကျွေးနိုင်ပေမဲ့ သားသမီး ၁၀၀ ဖြစ်ညားလည်း မိဘကို ပြည့်စုံအောင် ပြန်မကျွေး၊ မွေးနိုင်ဘူးတဲ့ မှန်လိုက်တာနော်။