ဘယ်သူပြိုင်၍ နိုင်မည်နည်း

ကြည်လဲ့မျက်လုံး ဦးချို(ဂျို)ထုံးနှင့်

လည်တိုင်ကျော့ရှင်း နူးညံ့သင်းသည့်

အလှပိုင်ရှင် တောကိုခင်သော

သမင်မပင် ဖြစ်ဘိမူ.......

သူ၏အလှ ရှုမ၀ပဲ

လှဂုဏ်မာန်ဝင့် မြတ်မျိုးမြင့်ဟု

စောင့်ရှောက်ချင့်တွေး အလှသွေးကို

ထိန်းသိမ်းကာကွယ်နေသော်လည်း.......

သားအတွက်မူ ၀မ်းမပူဖို့

ဖြူစင်သန့်အေး နို့ချိုကျွေးသည်

အလှအတွက် မငဲ့ကွက်ပါတည်း။


အကြည့်စူးကာ လည်ဆံဖွာနှင့်

စိတ်ဝယ်ကြမ်းတမ်း တောမှာရမ်းပြီး

အုပ်စိုးနိုင်ပေ့ ထင်တိုင်းမွေ့သည့်

ခြင်္သေ့မပင် ဖြစ်ဘိမူ…….

လာဟဲ့သားကောင် အရဆောင်ခဲ

ကိုက်ကာဆွဲငင် သွေးစိမ်းပြင်နှင့်

နေ့စဉ်မပြတ် အရှင်လတ်ကို

သတ်ဖြတ်စားသောက်နေသော်လည်း…….

သားအတွက်မူ ၀မ်းမပူဖို့

ဖြူစင်သန့်အေး နို့ချိုကျွေးသည်

သွေးတစ်စက်မျှ မပါတည်း။


သိဥာဏ်နည်းပါး တောမှာဖွားသည့်

ခြင်္သေ့သမင် ဖြစ်နေပင်လည်း

ရင်မှဖြစ်ပွား သူတို့သားအား

ယုယပိုက်ထွေး နို့ချိုကျွေးသော်

သိဥာဏ်ကြီးမား တို့လူသားများ

မွေးသမိခင် ကျေးဇူးရှင်၏

ကြီးမားမေတ္တာ ကရုဏာအား

ဘယ်မှာစာဖွဲ့ ကုန်မည်နည်း။

ဘယ်သူစာဖွဲ့ နိုင်မည်နည်း။

ဘယ်သူပြိုင်၍ နိုင်မည်နည်း။

/* အမေနေ့အား ဂုဏ်ပြုလျက် ၊ ကျေးဇူးကြီးမား မိခင်များသို့ */

3 comments:

MelodyMon said...

wonderful! wonderful! wonderful! i love it!

အညာသား said...

အရမ်းကောင်းတယ် သယ်ရင်းရာ။ ကြိုက်တယ်။

တာတူး(၀ါ) အမေ့ခံလူတစ်ယောက် said...

အမေ့မေတ္တာကို တိုင်းတာလို့ရတဲ့အရာ ခုထိ မရှိသေးပါဘူးဗျာ။ အမေအားလုံး ကျန်းမာ၊ ချမ်းသာ ကြပါစေဗျာ။