ရေချိုမြစ်ရဲ့စီးဆင်းသံ(သို့)မေမေ့စာ

အလွမ်းပြေအမေရေးတဲ့

ရောက်နေသူဟိုအဝေးနယ်က

သားဖြစ်သူလူကလေးရယ်သို့

မာစေကြောင်းဆုတောင်းစာ။


တိုင်းနယ်ရွာတစိမ်းတွေကြားမှာလ

ရိုင်းဖယ်ကွာလူယဉ်ကျေးပါလို့

ကြိုးစားရှာပညာရေးရယ်နဲ့

ရှားရှောင်ပါအသောက်စားပြင်

ဘေးကင်းကာရန်စွယ်ကွာဖို့

ပို့သတဲ့အမေ့မေတ္တာ။


ဟိုရင်လိုနေမနီးသော်လဲ

အမေ့မှာစေတနာဓါတ်တွေက

စီးဆင်းကာဝေေ၀ဖြာ။


ဘေးရံမှာအမေမရှိသော်လည်း

ပြေးပြန်ကာဖွေရှာကြည့်ပြန်တော့

ဒီလွမ်းစာဒီလက်ရေးရယ်က

ဆန်းထည်စွာလှမာန်မ၀င့်သော်လဲ

ဖြူစင်စွာစေတနာသန့်တာမို့

အမေ့စာတကယ်ခန့်တယ်

အံ့မိပါတကား။

9 comments:

အညာသား said...

အမေ ကဗျာလေးတွေကောင်းတယ် သယ်ရင်း..
ဆက်ချကွာ။

မြန်မာပြည်ကိုလွမ်းတယ် said...

သိပ်ကောင်းတဲ့ကဗျာလေး။ရိုးရိုးလေးနဲ့ကိုသိပ်
လှတာပဲ။လေးစားတယ်ဗျိုး။

Unknown said...

အမေကဗျာလေးတွေရေးတာကောင်းတယ်.. ခုချိန်မှာတော့ ခံစားချက်ချင်းတစ်ထပ်တည်းပဲ.. ရေးကြကွာ.. ငါတော့ မရေးအားတော့ဘူး

nyiyekhaung said...

good poem ပဲ သူငယ်ချင်း

တင့်ထူးရွှေ said...

အမေကဗျာ မေတ္တာဘွဲ့တွေ ရေးတတ်တဲ့ သူငယ်ချင်းရေ အရေးအသားလေးကို ကြိုက်တယ်ကွာ ၊ အဝေးကပို့တဲ့ မေတ္တာကြောင့် သားမောင်များ ကျန်းမာကြောင်းပါ ၊ အဆင်ပြေပါစေ သူငယ်ချင်း ။

Anonymous said...

အငယ်တုန်းက ကျောင်းစာတွေ ကျက်လိုက်ရသလိုပဲ ကောင်းလိုက်တဲ့ကဗျာလေး ရွတ်လို့ လည်းကောင်းတယ် ။ မေတ္တာဖော်ကျူးတဲ့ စာတွေ အများကြီးရေးနိုင်တာ လေးစားပါတယ်ဗျာ။
အားပေးလျှက်း)

Anonymous said...

ဘေးရံမှာ အမေမရှိသော်လည်း

ပြေးပြန်ကာ ဖွေရှာကြည့်ပြန်တော့

ဒီလွမ်းစာ ဒီလက်ရေးရယ်က

ဆန်းထည်စွာ လှမာန်မ၀င့်သော်လဲ

ဖြူစင်စွာ စေတနာသန့်တာမို့

အမေ့စာ တကယ်ခန့်တယ်

အံ့မိပါတကား။ ။


ဒီစာသားလေးတွေကပိုထိတယ်ဗျာ..
ကောင်းတယ် သယ်ရင်းရေ..
အားပေးနေမယ်..

ရွှေပြည်သူ (ShwePyiThu) said...

အမေချစ်တဲ့ သားလိမ္မာလေး ထင်ပါရဲ့။ အမေ့အကြောင်း ကဗျာလေးတွေ သိပ်ကောင်းတာပဲ။ အရေးအသားလေးတွေ အရမ်းထိမိပြေပြစ်တယ်။ ဆက်ရေးပါ မောင်လေး ၀ဿာန်ဦးရေ...

MelodyMon said...

ako yay...yay htarr tar ayann kaung: dae! nout lae: gabyar kg kg lay tway lar read mae naw.