ဟိုစဉ်အခါ ၊ မြင်ခဲ့ရာဝယ်
မွှေးပျံ့ကြိုင်ဝင့် ၊ ဖွေးဖြူဆင့်သည့်
စံပယ်ပွင့်။
ညမှောင်ကောင်းကင် ၊ မျှော်ကြည့်လျှင်လည်း
မိုးမြင့်ယံထက် ၊ ပြိုးပြက်ပြက်နှင့်
လေးဘက်လေးတန် ၊ ရိုးခြံကာဆီး
ရေကန်ကြီးဝယ် ၊ လှမာန်သွယ်သည့်
ကြာတစ်ပွင့်။
အေးမြချမ်းစိမ့် ၊ တောတောင်ရိပ်ဝယ်
ရှုဖွယ်မငြီး ၊ သွင်သွင်စီးသည့်
စမ်းချောင်းလေး။
ဪ…..အခုတော့
နွမ်းကြွေရော်ရင့် ၊ ရနံ့လွင့်ပြီး
ကြယ်ပွင့်လည်းကြွေ ၊ ကြာလည်းခွေ၍
စမ်းရေတွေလဲ သွေ့ပြီလေ။
သို့ပါသော်ငြား……..
ဟိုစဉ်အခါ ၊ ထိုမျက်နှာမှာ
ဘယ်ခါမပြောင်း လနှစ်ညောင်းလဲ
မေမေ့မျက်နှာ ၊ သာမြဲသာတည့်
တိမ်စင်လနှယ်ပါတကား။
3 comments:
မေမေ့မျက်နှာ ၊ သာမြဲသာတည့်
တိမ်စင်လနှယ်ပါတကား။
လာလည်သွားတယ်နော် အားပေးတယ်သိလား များများရေးနော် အဆင်ပြေလား
မေမေ့ မျက်နှာကို ရေးဖွဲ့ထားတာ အရမ်းကောင်းပါတယ်
အဲ... ကဗျာက ကောင်းလွန်းတော့ ဘယ်လိုပြောရမလဲ.. အမေ့မျက်နှာ ရေးဖွဲ့ထားတာ ကောင်းတယ်ဗျာ.. အမေ့ ရုပ်ရည်အမြဲလှနေမှာပါဗျာ.. ဟီးဟီး သီချင်းစာသားလေးပါ..။
Post a Comment