ရင်ခွင်မှာ

လှပတဲ့ ကောင်းကင်ပြာအောက်မှာ
ရာပေါင်းများစွာသော
တောတောင်တွေရှိကြတယ်…..

တိတ်ဆိတ်တဲ့ ညသန်းခေါင်ယံမှာ
ရာပေါင်းများစွာသော
ကြယ်ကလေးတွေရှိကြတယ်…..

သာယာလှပတဲ့ နေရောင်ခြည်အောက်မှာ
ရာပေါင်းများစွာသော
တိရိစ္ဆာန်လေးတွေရှိကြတယ်…..

စိမ်းလန်းလှတဲ့ တောတောင်တွေမှာ
ရာပေါင်းများစွာသော
ကျေးငှက်ကလေးတွေရှိကြတယ်…..

သစ်ဝါးပင်ထက်က ပျားအုံမှာ
ရာပေါင်းများစွာသော
ပျားငယ်လေးတွေရှိကြတယ်…..

လန်းဆမ်းလှတဲ့ ပန်းမာန်တွေမှာ
ရာပေါင်းများစွာသော
လိပ်ပြာငယ်လေးတွေရှိကြတယ်…..

ဒါပေမယ့်
ကျနော့်ရဲ့ ရင်ခွင်ကမ္ဘာမှာတော့
မိဘသာလျှင် ရှိပါတယ်……….။

2 comments:

ဒီဇင်ဘာနှင်း said...

ဘ၀မှာ မိဘသာအဓိက ဆိုတာ အရမ်းကိုမှန်ပါတယ်

Anonymous said...

ကဗျာတွေဖတ်ရတာ အိမ်နဲ့ မိဘကိုအရမ်းလွမ်းနေတယ်ထင်တယ် ။ မိဘသာလျှင်အဓိကဆိုတဲ့ အစ်ကိုရေ့ လေးစားပါတယ်ဗျာ. ပျော်ရွှင်ပါစေ။