လွမ်း

လွမ်းမပြေ မှန်းလေတွေးမိတော့

ကမ်းအခြေ ဖျန်းလေသွေးရယ်နှင့်

လှိုင်းလေက တသွင်သွင်။


တောင်စောင်းထိပ် စေတီရိပ်ဆီက

မှုန်ပျရီ နေခြည်နုမှာဖြင့်

ဝေငှကာ မေတ္တာနှောသံက

နားဝသို့ ချိုချိုလွင်။


တမ်းကာရော် မှန်းမပျော်လည်း

ဝေးအနေ ဆွေးလေသမို့

မြို့နဲ့ခြား တောကြားလေးရယ်က

အမိုးချာ ကျိုးကာပျက်ပေမယ့်

မေတ္တာမှန် ရင့်သန်လွန်းလှတဲ့

အတွေးစ ကလေးဘ၀ရွယ်က

အမေ့အိမ် မွေ့ချိန်လေးများကို

တမ်းတတလွမ်း။

7 comments:

ein said...

တောကြားလေးကိုရောက်နေသော မောင်ဝဿန်မှ အမေ့အိမ် မွေ့ချိန်လေးများကို တမ်းတတလွမ်း....:P

Anonymous said...

မိုက်တယ်broရေ....တမ်းတလို့ လွမ်းကတော့တော်တော်မှန်တယ်...:D

ဖြိုးငယ် said...

မင်းကဗျာကို တစ်ပုဒ်ကို ဖတ်ရတိုင်း အမေ့ကို ၂ဆ ပိုလွမ်းတယ်ကွာ

ကိုရင်နော်ခင်လေးငယ် said...

ကောင်းမှကောင်း လွမ်းမှလွမ်း..

Anonymous said...

အန်တီရေ... အန်တီသား တစ်ခွက်ကို တစ်မြုံမြုံသောက်ရင်း လွမ်းလို့ စပ်ထားတာထင်ပါ့... လွမ်းလိုက်တာဗျာ....

Anonymous said...

ကောင်းလိုက်တဲ့ကဗျာလေးဗျာ အားပေးနေပါ့မယ်

Anonymous said...

ဝဿန်က အမေကဗျာတွေကို စွဲ၂မြဲ၂ရေးတာတွေ့ ရတယ် လေးစား အားကျတယ်ဝေ့ ။