သတိရလိုက်တာ အမေရယ်

(က)

၁၉၈၅

“အမေ သားကို ကျောင်းလိုက်မပို့တော့နဲ့ဗျာ၊ ကျွန်တော်ရှက်တယ်၊ သူငယ်ချင်းတွေက မုန့်သည်မသားလို့ ၀ိုင်းဝိုင်းစကြတယ်”

“သား လမ်းမှာ စက်ဘီးတွေတိုက်မှာ စိုးလို့ပါကွယ်၊ အဓိက က သားပညာတတ်ဖို့ပါ၊ သားလေးပညာတတ်မှ အမေတို့လို မဆင်းရဲမှာလေ၊ သားရှက်တယ်ဆိုရင်လည်း အမေ လိုက်မပို့တော့ပါဘူး၊ သားစာကြိုးစားနော်”

(ခ)

၂၀၀၈

“အဖေ သားကိုကျောင်းလိုက်မပို့တော့နဲ့ဗျာ၊ ကျွန်တော်ရှက်တယ်၊ သူငယ်ချင်းတွေက ဆိုက်ကားသမားသားလို့ ၀ိုင်းဝိုင်းစကြတယ်”

(ဂ)

သားမျက်နှာကို ငေးမောရင်း…….. သတိရလိုက်တာ အမေရယ်…..။


ဇော်မျိုးအောင်(အောင်လံ)

4 comments:

စိုင်းခမ်းထွန်း said...

တော်တယ်ဗျာ ..... လုံးဝ လုံးဝ ကြိုက်တယ် ...

ein said...

မိဘမေတ္တာဖော်ကျုးထားတဲ့ ၀တ္တုတိုလေးပေမဲ့ ဖတ်လိုက်ရတာ ရင်ထဲကိုနစ်ဝစ်သွားစေတယ်...
း)

Tea said...

တိုတိုလေးနဲ့..အရမ်းကို ခံစားရပါသည်။ :(

ကောင်းပါသည်။

နှလုံးလှ said...

လိုရင်းနဲ့ တိုတိုရှင်းရှင်းလေးပါလား။ ကောင်းပါပေသည်။

ဒါပေမဲ့ သိလိုသေးသည်။

(သားမျက်နှာကို ငေးမောရင်း…….. သတိရလိုက်တာ အမေရယ်…..။) တဲ့......
နောက်ဆက်တွဲလေးကို။

ဆင်းရဲခြင်းတွေ ကင်းဝေးကြပါစေ။

lknt