အမယ့်ပါးက သနပ်ခါး။

ဤကျောက်ပြင် ပေါ်အထက်မှာဖြင့်

ကျော်ကရက်မက် အနှစ်တုံးကိုလ

နံ့သာဖြူ အသာရောတဲ့ပြင်

မပြစ်ကျဲ အရည်ဖျော်ကာပ

ဘယ်ဝိုင်းညာ အသာသွေးပါလို့

လိမ်းခြယ်သ နံ့သာကြိုင်ဆင်း

ရနံ့တွင်း ပြိုင်ဘက်ကင်းတာကြောင့်

ပြင်းပြင်းဖွေး လိမ်းကာခြယ်ကာပ

သင်းသင်းမွှေး တကယ်လှလို့

တအားကုန် မွှေးကာရှိုက်လိုက်မယ်

အမယ့်ပါးက သနပ်ခါး။

9 comments:

mgngal said...

တအားကုန်တောင် မွှေးကာရှိုက်လိုက်မယ် ဆိုပဲ ။ :P
ဖြေးဖြေးလုပ်ပါအစ်ကိုရ ။ခြောက်အောင် စောင့်ပါဦး။
စတာ ပါ။ ကောင်းတယ်ဗျ ကဗျာလေးက ။

လင်းဦး(စိတ်ပညာ) said...

အဟဲ၊ ဟုတ်တယ်ဗျ ။ မွှေးချင်ပါ့ ။ ကောင်းပါ့

မိုးသောက် said...

အဟ ဂွတ်တယ်ဗျို့ ကဗျာလေးက
ကော်ပီလုပ်ပြီး ပို့လိုက်ရင် ကောင်းမယ်ထင်တယ် :D
ပျော်ရွှင်ပါစေခင်ဗျ :)

Dr. Nyan said...

အမေချစ်သားတစ်ယောက်ရဲ့အမေ့ကိုချစ်စိတ်ပေါ်လွင်
ပါပေတယ်။

သက်တန့် said...

ကဗျာလေး ဖတ်လိုက်တာနဲ့တင် အမေ့ပါးက သနပ်ခါးနံ့ကို ခံစားမိတယ် မောင်လေးရေ... :)

ein said...

သင်းသင်းမွှေး သနပ်ခါးရနံ့လေး ...

thihanyein said...

အမေ့ပါးကသနပ်ခါး

နှင်းပွင့်ဖြူလေး said...

တအားကုန် မွှေးကာ ရှိုက်လိုက်မယ် ဆို ရှိုက်လိုက်မယ်ပေါ့
ဘယ်နှယ့် အမယ့်ပါးက သနပ်ခါးရတာတုန်း ။
ဟွင်းဟွင်းးးးးး ဟွင်း

အညာသား said...

တော်ပါပေတယ် ပေစိ (အဲလေ..) မောင်ဝဿန် ရယ်... :)