ရေချိုမြစ်ရဲ့စီးဆင်းသံ(သို့)မေမေ့စာ

အလွမ်းပြေအမေရေးတဲ့

ရောက်နေသူဟိုအဝေးနယ်က

သားဖြစ်သူလူကလေးရယ်သို့

မာစေကြောင်းဆုတောင်းစာ။


တိုင်းနယ်ရွာတစိမ်းတွေကြားမှာလ

ရိုင်းဖယ်ကွာလူယဉ်ကျေးပါလို့

ကြိုးစားရှာပညာရေးရယ်နဲ့

ရှားရှောင်ပါအသောက်စားပြင်

ဘေးကင်းကာရန်စွယ်ကွာဖို့

ပို့သတဲ့အမေ့မေတ္တာ။


ဟိုရင်လိုနေမနီးသော်လဲ

အမေ့မှာစေတနာဓါတ်တွေက

စီးဆင်းကာဝေေ၀ဖြာ။


ဘေးရံမှာအမေမရှိသော်လည်း

ပြေးပြန်ကာဖွေရှာကြည့်ပြန်တော့

ဒီလွမ်းစာဒီလက်ရေးရယ်က

ဆန်းထည်စွာလှမာန်မ၀င့်သော်လဲ

ဖြူစင်စွာစေတနာသန့်တာမို့

အမေ့စာတကယ်ခန့်တယ်

အံ့မိပါတကား။

9 comments:

  1. အမေ ကဗျာလေးတွေကောင်းတယ် သယ်ရင်း..
    ဆက်ချကွာ။

    ReplyDelete
  2. သိပ်ကောင်းတဲ့ကဗျာလေး။ရိုးရိုးလေးနဲ့ကိုသိပ်
    လှတာပဲ။လေးစားတယ်ဗျိုး။

    ReplyDelete
  3. အမေကဗျာလေးတွေရေးတာကောင်းတယ်.. ခုချိန်မှာတော့ ခံစားချက်ချင်းတစ်ထပ်တည်းပဲ.. ရေးကြကွာ.. ငါတော့ မရေးအားတော့ဘူး

    ReplyDelete
  4. good poem ပဲ သူငယ်ချင်း

    ReplyDelete
  5. အမေကဗျာ မေတ္တာဘွဲ့တွေ ရေးတတ်တဲ့ သူငယ်ချင်းရေ အရေးအသားလေးကို ကြိုက်တယ်ကွာ ၊ အဝေးကပို့တဲ့ မေတ္တာကြောင့် သားမောင်များ ကျန်းမာကြောင်းပါ ၊ အဆင်ပြေပါစေ သူငယ်ချင်း ။

    ReplyDelete
  6. အငယ်တုန်းက ကျောင်းစာတွေ ကျက်လိုက်ရသလိုပဲ ကောင်းလိုက်တဲ့ကဗျာလေး ရွတ်လို့ လည်းကောင်းတယ် ။ မေတ္တာဖော်ကျူးတဲ့ စာတွေ အများကြီးရေးနိုင်တာ လေးစားပါတယ်ဗျာ။
    အားပေးလျှက်း)

    ReplyDelete
  7. ဘေးရံမှာ အမေမရှိသော်လည်း

    ပြေးပြန်ကာ ဖွေရှာကြည့်ပြန်တော့

    ဒီလွမ်းစာ ဒီလက်ရေးရယ်က

    ဆန်းထည်စွာ လှမာန်မ၀င့်သော်လဲ

    ဖြူစင်စွာ စေတနာသန့်တာမို့

    အမေ့စာ တကယ်ခန့်တယ်

    အံ့မိပါတကား။ ။


    ဒီစာသားလေးတွေကပိုထိတယ်ဗျာ..
    ကောင်းတယ် သယ်ရင်းရေ..
    အားပေးနေမယ်..

    ReplyDelete
  8. အမေချစ်တဲ့ သားလိမ္မာလေး ထင်ပါရဲ့။ အမေ့အကြောင်း ကဗျာလေးတွေ သိပ်ကောင်းတာပဲ။ အရေးအသားလေးတွေ အရမ်းထိမိပြေပြစ်တယ်။ ဆက်ရေးပါ မောင်လေး ၀ဿာန်ဦးရေ...

    ReplyDelete
  9. ako yay...yay htarr tar ayann kaung: dae! nout lae: gabyar kg kg lay tway lar read mae naw.

    ReplyDelete