တမ်းတခြင်း

ဥဩ….ဥဩ သံချိုနှောသည့်

လွမ်းမောသံသာ ကြားခဲပါလည်း

ရင်မှာလွမ်းမြဲ တမ်းတဆဲ။


အုံးကွမ်….အုံးကွမ် အော်မြည်သံပင်

ဝေးကွာနေဆဲ ကြားရခဲမို့

လွမ်းဆွတ်တမ်းတ သတိရ။


ဆောင်းတွင်းအေးအေး မီးဖိုဘေးမှာ

ဝိုင်းအုံစုဖွဲ့ မီးလှုံခဲ့တဲ့

နံနက်ခင်းလေး တမ်းတဆွေး။


ရွာတောင်ဘက်စွန်း ခြံကျယ်ဝန်းမှ

မေမေ့ကိုကြီး ဦးတာတီး၏

သစ်သီးချိုမွှေး စားချင်သေး။


ချဉ်ပေါင်တစ်ခွက် ငပိချက်နှင့်

အတို့အမြုပ် ဦးခေါင်းငုံ့ကာ

ပျော်ရွှင်ကြည်မြ စားခဲ့ကြတဲ့

ထမင်းဝိုင်းလေး တမ်းတဆွေး။

7 comments:

  1. အမေ့ရွာကိုတောင် သတိရသွားတယ် သယ်၇င်းရေ

    ReplyDelete
  2. ဦးလေးတာတီး ခြံထဲက အသီးစားချင်တယ်
    ဘာသီးတွေလည်းဟင်..!!
    ချိုတယ်ဆိုတော့ သိဘီ
    မဟုတ်မှ လွဲရော “သံပုရာသီး”
    ဟက်..ဟက်.

    ReplyDelete
  3. ငါးပိချက်စားချင်နေတဲ့ချိန်မှာ ရေးလိုက်တာမလားကွ...:P

    ReplyDelete
  4. ဝေး……ငါ့တို့အိမ်မှာ ဒေါင်းဝါးသီးတွေရှိတယ်ဝေ့
    လာစားပါဦးလား အဟီး….

    ReplyDelete
  5. နာလဲ ချဉ်ပေါင်ဟင်းနဲ့ ငါးပိချက် စားချင်နေတယ် အဟီးးးး

    ReplyDelete
  6. ကဗျာလေးတွေဖတ်ပြီးရင် မြန်မာပြည်ကို ပြန်ချင်တယ် ပြန်ပို့ပေးကြပါ မြန်မာပြည်ကို ဟင့် ဟင့်

    ReplyDelete
  7. ဗိုက်ဗိုက်ဆာတယ်ဗျို့...

    ReplyDelete