ဥယျာဉ်မှူး

ပန်းဟူသည်မှာ ဖူးရာမှငုံ

ငုံရာမှပွင့် ကြွားကြွားဝင့်သော်

လောကမြေ၀ယ် အလှကြွယ်၏။


သို့သော်ဆင့်ကမ်း ပွင့်ယူလှမ်းရန်

ပန်းသဘာဝ မပြည့်ဝမီ

ဖူးစဉ်ပျက်သုဉ်း ဘ၀ဆုံးတာ

ရှိဖူးပါ၏။


တမူမှာကား ဖူးသာဖူးငြား

ငုံမသွားမီ လေနီမိုးကြမ်း

တိုက်ခတ်ရမ်း၍ ငုံခွင့်မသာ

သေဆုံးတာလည်း ရှိဖူးပါ၏။


အချို့မှာကား ငုံသာငုံရ

မပွင့်ရပဲ အလှလည်းညှိုး

ပန်းလည်းကျိုးတာ

မြင်ဖူးပါ၏။


ဖူးစဉ်ခါဝယ် သိမကြွယ်၌

လမ်းမှန်ထောက်ပြ မမှားရအောင်

ပန်းအလှစုံ ဆံဝတ်မှုန်သို့

ညှာတံဝတ်ဖတ် လန်းဆမ်းလတ်ရန်

ပြုစုစိုက်ထိုး ယုယပျိုးကာ

ပေါင်းသင်မြေစွ ရေလောင်းကြသည့်

မြင့်မြတ်လူသား ထိုသူများကို

တင်စားခေါ်ဝေါ် ဂုဏ်တင်ဖေါ်သည်

ကြီးစွကျေးဇူး ဥယျာဉ်မှူး။ ။

12 comments:

  1. အရမ်းကောင်းတဲ့ ပန်းပျိုးလက် ကဗျာလေးပဲဗျာ။ မိုက်တယ်။

    ReplyDelete
  2. ဟုတ်ပ.... ဥယျာဉ်မှူးတစ်ယောက်ရဲ့ ဘ၀နဲ့ ဒုက္ခက မနည်းဘူး.. ဥယျာဉ်မှူး ကဗျားလေး ကောင်းပါ့...

    ReplyDelete
  3. ဥယျာဉ်မှူးကဗျာအရေးသားလေး
    ကောင်းတယ်ဝဿန်...အားပေးနေပါတယ်...

    ReplyDelete
  4. အစ်ကို့ဆီ
    အများကြီးသင်ယူရပါအုန်းမယ်....

    ReplyDelete
  5. ၀ိုး .... ကာရံလေးတွေ နဲ့ မြိုင်မြိုင်ဆိုင်ဆိုင် ၊ ဥယျာဉ်မှူးကဗျာအရမ်းကောင်းတယ် ၊ အားလုံးအဆင်ပြေပါစေ သူငယ်ချင်းရေ ။

    ReplyDelete
  6. ကောင်းတယ်သယ်ရင်းေ၇ .. ပန်းလေးတွေရဲ့
    သဘာဝကိုဖော်ညွန်းထားတာရော ...ဥယျာဉ်မှုး
    နဲ့ ဥပမာ ထား ဖွဲ့ဆိုထားတာရော ... ကြိုက်တယ်ဗျာ ...

    ReplyDelete
  7. ကျွန်တော်သာ အတ္တမရှိဘူးဆိုရင် ဥယျာဉ်မှုးလေးပဲဖြစ်လိုက်ချင်တယ်
    ခုတော့.....
    ပေးဆပ်မှုတိုင်းအတွက် တုန့်ပြန်မှုလေးမျှော်လင့်မိတော့
    အကျည်းတန်တဲ့ ဥယျာဉ်မူး..............

    ReplyDelete
  8. ကဗျာလေးအရမ်းကောင်းတယ်

    ReplyDelete
  9. ကာရံလေးတွေနဲ့ ကဗျာက အရမ်းသွက်တယ်ကွာ...

    ReplyDelete
  10. ဒီနေ့ ဘယ်သွားသွား ပန်းတွေနဲ့တိုးနေတယ်
    မိုက်တယ် ပန်းလေးကို ဖွဲ့တားတာ တကယ့်လောကကြီးကလက်တွေ့ ဘ၀တွေနဲ့ ထပ်တူပဲ
    အဆင်ပြေပါစေ

    ReplyDelete
  11. ရှယ်ပဲကွာ။ အဲဒီ ဥယဉ်မှုးက ကိုဝသန်ဦးပဲလားဗျ ဟတ်ဟတ်

    ReplyDelete
  12. ကဗျာလေး က မေတ္တာဓါတ်တွေဖုံးလွှမ်းထားသလို ဘဲ
    အားပေးနေပါတယ်

    ReplyDelete