အမေ့မျက်နှာ

ဝေးတစ်မြေမှ ဆွေးသမျှကို

ကဗျာအတု စာအစုဖြင့်

ဇာတိရပ်နေ မွေးအမေသို့

ပို့သပေးစပ် ကန်တော့အပ်သည်

လူလေးအမေ ပီတိဝေလို့

ကြည်ရွှင်ဝမ်းမြောက်နိုင်ပါစေ။


သားမောင်ပေးလာ စာမျက်နှာမှ

ကဗျာတစ်ပုဒ် စာတစ်အုပ်ကို

အမေကြည့်ကာ ပီတိဖြာပြီး

ရွှင်ရာမှလွမ်း မျက်ရည်စမ်းနှင့်

ငါ့သားလူလေး ပုလုကွေးဟု

တမ်းတဆူးနစ် လှစ်ကျူးရင့်ကာ

နှစ်လိုဖွယ်ရာ သား၏စာကို

ရှုမ၀နိုင် လက်ကကိုင်ရင်း

အပြုံးဝေလှိုင် ပီတိမြိုင်သည့်

အမေ့မျက်နှာ မြင်ယောင်လာ

စမ်းနှယ်အေးမည့် သွင်ပြင်ပါ။

ပန်းနှယ်မွှေးမည့် သဏ္ဌာန်ပါ။

လမင်းတစ်ရာ သာနေမှာ။

8 comments:

  1. “မွေးမေမေ ကျန်းမာပါစေ” ။

    ReplyDelete
  2. အမေ့မျက်နှာ လမင်းတစ်ရာလို သာနေမှာပါဝဿန်း)

    ReplyDelete
  3. တေးကဗျာတို့၍ မိခင်အကြောင်းစဖွဲ့သီသော တေးကဗျာတိုပသည် အသာယာဆုံးဖြစ်သည်တဲ့
    ကောင်းပါ့ဗျာ ကဗျာလေးက

    ReplyDelete
  4. အမေ့ မျက်နှာ ကဗျာ လေးကောင်းတယ်ဗျာ
    ဖတ်ပြီး အမေ့ကိုသတိရမိတယ်

    ReplyDelete
  5. မေမေ....ဆိုပြီး
    မေမေ့ နားနားလေးကပ်ပြီး
    ခေါ်ချင်လိုက်တာ...
    မေမေ့ကို လွမ်းတယ်ရှင်...

    ReplyDelete
  6. ပြန်ချင်နေပါတယ်ဆို..ဇွတ်
    မေမေရေ..ပြန်ချင်တယ်..လာခေါ်ပါ..အဟင့်ဟင့်..

    ReplyDelete
  7. ကဗျာလေးကအရမ်းကောင်းတယ်နော်

    ReplyDelete
  8. good poem!
    nice!
    miss ....
    but my mum passed away when i was 6.
    i envy all of people who have mum.

    ReplyDelete