ဖန်ဆင်းရှင်သို့

ကုန်လွန်ပြီးဆုံး နှစ်ဆယ့်သုံးရှိ

တစ်သုံးလေးခွန် ခုနှစ်မွန်၌

ဝါဆိုဝါခေါင် ရေဖေါင်ဖေါင်ဝယ်

သည်းထန်ရွာကျ ၀ဿန်စကြား

သေမင်းနှင့်ပြိုင် ငါအနိုင်ဟု

ရင်မှပေါက်ဖွား ငါ၏သားကို

မွေးဖွားသန့်စင် မျက်နှာမြင်ရန်

အားယူမာန်ခဲ စိတ်ဝယ်စွဲ၍

ကြီးစွာသတ္တိ များစွာရှိသည့်

အနန္တဂိုဏ်းဝင် မွေးမိခင်အား

ကဗျာမပီ စာမမှီဖြင့်

မိုင်ချီဝေးကွာ တိုင်းနေရာမှ

ကျန်းမာစေကြောင်း ဆုမွန်တောင်းကာ

ဆယ်ဖြာလက်မိုး ဦးတင်(ရှိ)ခိုး၍

ကြည်နူးရည်မှတ် ကန်တော့အပ်သည်

အိုဘယ့် မိခင် စိတ်အစဉ်တွင်

ကြည်နူးရွှင်မြနိုင်စေသော်……….။


တစ်ကိုးရှစ်ငါး ဇွန်လကြား၌

မွေးဖွားသန့်စင် မျက်နှာမြင်ရ

ဖွံထွားချစ်ဖွယ် သားမင်းငယ်ကြောင့်

နှဖူးခြေမ ချွေးစကျလည်း

မပန်းမမော သားငယ်ဇောဖြင့်

ကြိုးစားရှာဖွေ စားဝတ်နေပြင်

အမှားပယ်ဖျောက် လမ်းမှန်ရောက်ရန်

သွန်သင်ဆုံးမ နည်းလမ်းပြသည့်

တောင်မြင့်မိုရ်လား ထင်ယောင်မှားအံ့

အနန္တဂိုဏ်းဝင် ကျွေးဖခင်အား

ကဗျာအညံ့ စာမခန့်ဖြင့်

မနီးဝေးကွာ တစ်ပြည်ရွာမှ

ကျန်းမာစေကြောင်း ဆုမွန်တောင်းကာ

ဆယ်ဖြာလက်အင် ကြာဖူးသွင်ဖြင့်

ကြည်ညိုလေးမြတ် ကန်တော့အပ်သည်

အိုဘယ့် ဖခင် စိတ်အစဉ်မှ

နားဆင်ကြည်နူးနိုင်စေသော်……….။


/*၂၃နှစ်ပြည့်အမှတ်တရ ဤကဗျာဖြင့် မိဘနှစ်ပါးအား ရှိခိုးကန်တော့ပါ၏*/


12 comments:

  1. မာတာမိခင် မွေးသခင်နှင့် ပိတုဖခင်တို့ရဲ့ ကျေးဇူးကိုသိတတ်နားလည်တဲ့ သားကောင်းသားမြတ်တစ်ယောက်ဖြစ်ပါစေရှင်...း)

    ReplyDelete
  2. ပျော်ရွှင် ဖွယ် မွေးနေ့ ဖြစ်ပါစေ ... :P

    ReplyDelete
  3. Happy Birthday ကိုဝဿန်း) ငါ့ထက်ဝါကြီးတော့ ရိုသေသမှုနဲ့  ကိုတပ်ခေါ်မှ မွေးနေ့ မှစ ပျော်ရွှင်ခြင်းအတိနဲ့  မိဘကျေးဇူးသိတက်တဲ့ သားလိမ္မာလေးဖြစ်ပါစေဗျာ လိုတာတွေ အကုန် ပြည့်ပါစေ ။

    ReplyDelete
  4. မင်္ဂလာရှိသော
    မွေးနေ့မင်္ဂလာဖြစ်ပါစေ။
    မိဘကျေးဇူးကို သိတတ်ဖော်ကျူးတဲ့အတွက်
    လူချစ်လူခင်ပေါပါစေ။
    ကြံတိုင်းအောင်လို့ ဆောင်တိုင်းမြောက်ပါစေ..

    ReplyDelete
  5. ပျော်ရွှင်တဲ့ မွေးနေ့ဖြစ်ပါစေ သူငယ်ချင်း၊ ဖြတ်သန်းခဲ့တဲ့ ဘ၀ အချိန်တွေထဲက အမှားတွေ ကိုထားခဲ့ အမှန်တွေကိုယူပြီး ဘ၀ ကို ရှေ့ဆက်ပါ သူငယ်ချင်း

    ReplyDelete
  6. Happy Birthday သူငယ်ချင်း မွေးနေ့မှသည်နောင်နှစ်ပေါင်းများ
    စွာ မိဘကျေးဇူးဆပ်နိုင်ပါစေ ၊ ဘ၀ကိုအခက်အခဲ အနဲဆုံးနဲ့ကျော်ဖြတ်နိုင်ပါစေလို့
    မွေးနေ့ဆုတောင်း ပြုလိုက်ပါတယ် ။

    ReplyDelete
  7. ဟက်ပီးဘက်ဒေး ဖိုးခွား။ လုပ်ချင်တာတွေအားလုံး လုပ်နိုင်ပါစေကွာ။

    ReplyDelete
  8. ဘတ်ဒေးကိုတွေ့လိုက်တော့ အားရဝမ်းသာနဲ့ တိုက်ခိုင်းမလို့ ။ ဒါပေမယ့် လူလိမ္မာလေးကို ဖျက်ဆီးတော့ပါဘူး။း)
    မွေးနေ့မင်္ဂလာမှာ ပျော်ရွှင်ပါစေကွာ။
    ဖန်ဆင်းရှင်လဲ ကြည်နူးနေမှာပါ။

    ReplyDelete
  9. ကဗျာလေးကကောင်းတယ်.. ။ဒီလိုမျိုးကဗျာလေးတွေများများရေးနှိင်ပါစေ :)

    ReplyDelete
  10. မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာတိုင်အောင်
    ကိုယ်စိတ်နှလုံးရွှင်ပြုံးနိုင်ပါစေ။ မိဘကျေးဇူးဆပ်နိုင်သော သားကောင်းရတနာ ဖြစ်ပါစေ။

    ReplyDelete
  11. Happy Birthday!
    Ko ၀ဿန်ရေ ... မိဘကျေးဇူး အထူးသိတတ်ပြီး ရာသက်ပန် ပျော်ရွှင်ပါစေဗျာ။

    ReplyDelete
  12. သားလိမ္မာလေး....
    ပျော်ရွှင်ပါစေ...

    ReplyDelete