ကောင်းသတဲ့လား

မွှေးရနံ့ကသင်းလို့ကြိုင်

နို့၊ ထောပတ်စုံလင်စွာနဲ့

နိုင်ငံခြားဖြစ်ထုတ်လုပ်ရောင်းတာမို့

ကိတ်မုန့်လေးကောင်းလိုက်ပုံက

ချိုအီလို့မြိုင်။


ဘယ်ရာတွေ ဘယ်လိုကောင်းလဲ

အုန်းသီးဖြူး ဆားပွင့်လူးကာ

ဟိုရင်ခါ အမေလုပ်ကျွေးတဲ့

မုန့်စိမ်းပေါင်း အငွေ့တထောင်းထောင်းကို

ဘယ်မှီပါ့မလဲ။

9 comments:

  1. ရိုးရိုးရှင်းရှင်းနဲ့ ထိမိတဲ့ကဗျာလေး။ cake နဲ့ မုန့်စိမ်းပေါင်း ဘယ်သူလဲနှိုင်မလဲ။

    ReplyDelete
  2. ဖြစ်သင့်တာပဲကွ....အမေလုပ်ကျွေးတဲ့ မုန့်စိမ်းပေါင်း အငွေ့တစ်ထောင်းထောင်းလေးကိုတော့ ဘယ်မှီနိုင်ပါ့မလဲနော်.....
    ကဗျာလေးက တိုတိုလေးနဲ့ထိမိတယ်..
    အဆင်ပြေပါစေ

    ReplyDelete
  3. တကယ်ကိုကောင်းပါ၏...:)
    တိတယ်နော် ခုလောလောဆယ်ဘက်ပြိုင်နေလို့
့အမေလုပ်ကျွေးဖူးတဲ့ မုန့်စိမ်းပေါင်းကို အမှတ်ရတမ်းတနေတယ်ဟုတ်...:P

    ReplyDelete
  4. ကိုဝဿန်ရေ......
    မုန့်စိမ်းပေါင်းမစားရတာ ၃နှစ်ရှိပြီဗျာ.....လွမ်းတယ်

    ReplyDelete
  5. ဘယ်လောက်ပဲကောင်းပါတယ်ဆိုတဲ့ စားစရာတွေနဲ့ပြိုင်ပြုင် အမေ့လက်ရာကိုတော့ မမှီဘူးလေ ကဗိာလေးက ကောင်းတယ်

    ReplyDelete
  6. မုန့်စိမ်းပေါင်းတော့ မစားဘူးဘူးကွာ။ အမေ ချက်ကြွေးတဲ့ ဟင်းကတော့ တော်တော်စားလို့ကောင်းတယ်။ :)

    ReplyDelete
  7. မောင်လေးရေ မုန့်စိမ်းပေါင်းစားချင်တယ်ကွဲ့... မစားရတာလဲ ကြာပေါ့... မုန့်စိမ်းပေါင်းဆို မုန့်စိမ်းပေါင်းဖြူဖြူလေးကိုမှ ကြိုက်တတ်လို့ မေမေက ခဏခဏဆူတတ်တာကို ပိုအမှတ်ရတယ်ကွယ်...

    ReplyDelete
  8. ကောင်းလိုက်တဲ့ကဗျာလေးဗျာ..တကယ်ကို.ရင်ထိကဗျာ
    ပါ....

    ReplyDelete
  9. ကောင်းတယ်..........

    ReplyDelete