အဝေးရောက်ဆုတောင်း

ဟိုးဝေးနေရာ ပင်လယ်ပြာမှ

အခြေစကာ တိုက်ခတ်လာသော

သူငါအများ ခေါ်ဆိုထားသည့်

နာဂစ် ဆိုသည့် ဆိုင်ကလုန်း။


မိုးနှင့်မုန်တိုင်း ပိတ်ဆို့ရိုင်းပင်း

တိုက်ခိုက်ခြင်းသည် ရိုးဖြောင့်မာန်ကင်း

ဟန်ဆောင်ရှင်းသည့် အမေ့နေရာ

အိမ်ဂေဟာသို့ ဦးတည်ဝင်ရောက်ခဲ့လေပြီ။


အမေ့နေရာ အိမ်ဂေဟာမှာ

နာဂစ်မုန်တိုင်း ဤလေရိုင်းကြောင့်

ညွှန့်ဖူးလဲကြွေ သက်လဲသေသော

အမိစိုက်ထိုး ယုယပျိုးသည့်

ပန်ဆင်စဖွယ် သဇင်ငယ်။


စိတ်တင်းမနိုင် သဇင်ခိုင်ပင်

မဆိုထားဘိ

ခက်ကိုင်းဖြန့်ဖြန့် ရှင်သန်ကြံ့သည့်

မိခင်လမ်းထိပ် ပညောင်ရိပ်ပင်

မာန်ကြီးအံကြိတ် တလိပ်လိပ်နှင့်

စိတ်ဓါတ်မာန်ဝင် ခံစစ်ဆင်လည်း

တိုက်ခိုက်ကြမ်းတမ်း နာဂစ်ရမ်းက

ရိုက်ခတ်ဝှေ့ရမ်း စုတ်ပြတ်လွှမ်းအောင်

ချိုးဖဲ့ဖျက်ဆီးခဲ့လေပြီ။


ထိုသို့အခြေ ဤအနေအား

စိတ်ဝယ်မရွှင် မကြည်လင်ပဲ

ရင်၌လောင်ကျွမ်း သားမောင်မှန်း၍

မိဘနှစ်ဖြာ ဖေမေပါဝင်

များထွေသတ္တ၀ါ လူများစွာတွက်

ကိုးဝဂုဏ်အင် ဘုရားရှင်သည်

သနားမေတ္တာ ကရုဏာဖြင့်

စောင့်ရှောက်ကယ်ကာ ပေးတော့ပါဟု

ဆယ်ဖြာလက်မိုး ဦးတင်(ရှိ)ခိုးကာ

ဆုတောင်းပါသည် အရှင်ဘုရား။

8 comments:

  1. My Mom is left alone in Burma. I was so worrying for her. I still have a tear in my eyes because I can't reach her yet! Thanks for your poems, it's touched.

    ReplyDelete
  2. အဝေးရောက်သားမောင် ဆုတောင်းတွေ အခါခါ ချွေနေမိတယ် ၊ အမေ့အိမ်နဲ့ အဆက်အသွယ် မရသေးဘူးဗျ ....

    ReplyDelete
  3. အားလုံးထပ်တူထပ်မျှ ခံစားနေကြရပါတယ် မောင်လေးရေ...

    ReplyDelete
  4.ုမြန်မာပြည်သူပြည်သားအားလုံးအတွက် ဆုတောင်းပေးနေပါတယ် ကဗျာလေးနှင့်အတူပေါ့

    ReplyDelete
  5. အဝေးရောက်နေတဲ့သားမောင်ရဲ့
    ဆုတောင်းအမြန်ဆုံး
    ပြည့်ဝနိုင်ပါစေအကိုဿန်

    ReplyDelete
  6. ထပ်တူထပ်မျှ ခံစားရပါတယ်မောင်လေးရေ...
    အဝေးရောက်နေတဲ့ မိဖမောင်ဖွားတွေကို စိုးရိမ်စိတ်တွေ ၀င်နေတာက အခုထိကို စိုးရိမ်နေရတုန်း... ဆက်သွယ်လို့ကို မရသေးဘူး... မောင်လေးလဲ မိဖတွေနဲ့ အမြန်ဆုံးအဆက်အသွယ် ရပါစေ...

    ReplyDelete
  7. အမေ ကဗျာတွေ ခုမှပဲဖတ်ရတော့တယ် သယ်ရင်းရာ။
    အဝေးရောက်နေသူအားလုံးရဲ့ ဆန္ဒနဲ့ တစ်ထပ်တည်းကျတယ် သယ်ရင်းရာ။ မြန်မာပြည်သူ/ပြည်သား အားလုံး ဘေးရန်ကင်းဝေး အေးချမ်းကြပါစေ။ ။

    ReplyDelete
  8. ကဗျာလေးဖတ်ပြီး ၀မ်းနည်းရပါတယ်။ အတူတူ ဆုတောင်းနေပါတယ်။

    ReplyDelete