ဆုတောင်း

လှပတဲ့…..အာရုဏ်ဦး၊

ရိုးစင်းတဲ့…..မြစ်တစ်ကြောင်း၊

ငြိမ်းချမ်းတဲ့…..လတစ်စင်း နဲ့

ဝေးခဲ့ရတာကြာပါပြီ


အပူတစ်ခြစ်ခြစ် တောက်ပပြီး

လောဘ တွေမနှမျှောတဲ့

အတိတ်ရဲ့ နံနက်စောစောတွေမှာ

အိပ်မောကျနေတာကြာပါပြီအမေ


အလျှံရဲရဲ တောက်ပပြီး

ဒေါသ တွေခင်တွယ်ဝိုင်းတဲ့

ဘ၀ရေပြင်ကျယ် ပင်လယ်ရိုင်းမှာ

မုန်တိုင်းမိနေပါတယ်အမေ


အရောင်တစ်ဖျတ်ဖျတ် တောက်ပပြီး

မောဟ တွေနဲ့သွားခဲ့ကြတဲ့

လောကကြီးထဲက သားရဲ့ညဟာ

မည်း မှောင် မိုက် နေပါတယ်အမေ


လ မထွက်ပေမဲ့

ည နက်မှန်းသိပါတယ်အမေ


နိုးတစ်ဝက် ညမျိုးမှာ

သက်ပြင်းတွေအလီလီချလို့

အိမ်မက်ဆိုးတွေထဲက သက်ဆင်းပြီး

မနက်လင်းပါရစေတော့အမေရယ်…။


/* အာရုဏ်ဦးနှယ် ၊ မြစ်တစ်စင်းသွယ် ၊ လတစ်စင်းပမာ မေတ္တာတရားကြီးမားသော ချစ်မေမေသို့ */

4 comments:

  1. အိမ်မက်ဆိုးတွေထဲက အမြန်ဆုံးနိုးထနိုင်ပါစေဗျာ။ ဒီဘလော့လေးကို သဘောကျသွားပြီး သားတွေရဲ့ခံစားချက်တွေကို ဖော်ပြပေးတဲ့အတွက် ..
    အားပေးနေပါတယ်။

    ReplyDelete
  2. ဆုတောင်းလေး အမြေန်ပြည့်ပါစေနော်

    ReplyDelete
  3. အမြန်ဆုံး သောကတွေ ကင်းကွာပြီး
    အာရုဏ် လင်း ပါစေ
    ကဗျာလေး ကောင်းတယ်ဗျ ၊ အားပေးနေပါတယ်

    ReplyDelete
  4. တောင်းဆုလေးပြည့်ဝပါစေရှင်...း)
    အိပ်မက်ဆိုးတွေထဲက လွတ်မြောက် အလင်းအာရုဏ်တွေ အမြန်ဆုံးကျရောက်နိုင်ပါစေ၀ဿန်...။

    ReplyDelete