အမယ့်ပါးက သနပ်ခါး။

ဤကျောက်ပြင် ပေါ်အထက်မှာဖြင့်

ကျော်ကရက်မက် အနှစ်တုံးကိုလ

နံ့သာဖြူ အသာရောတဲ့ပြင်

မပြစ်ကျဲ အရည်ဖျော်ကာပ

ဘယ်ဝိုင်းညာ အသာသွေးပါလို့

လိမ်းခြယ်သ နံ့သာကြိုင်ဆင်း

ရနံ့တွင်း ပြိုင်ဘက်ကင်းတာကြောင့်

ပြင်းပြင်းဖွေး လိမ်းကာခြယ်ကာပ

သင်းသင်းမွှေး တကယ်လှလို့

တအားကုန် မွှေးကာရှိုက်လိုက်မယ်

အမယ့်ပါးက သနပ်ခါး။

9 comments:

  1. တအားကုန်တောင် မွှေးကာရှိုက်လိုက်မယ် ဆိုပဲ ။ :P
    ဖြေးဖြေးလုပ်ပါအစ်ကိုရ ။ခြောက်အောင် စောင့်ပါဦး။
    စတာ ပါ။ ကောင်းတယ်ဗျ ကဗျာလေးက ။

    ReplyDelete
  2. အဟဲ၊ ဟုတ်တယ်ဗျ ။ မွှေးချင်ပါ့ ။ ကောင်းပါ့

    ReplyDelete
  3. အဟ ဂွတ်တယ်ဗျို့ ကဗျာလေးက
    ကော်ပီလုပ်ပြီး ပို့လိုက်ရင် ကောင်းမယ်ထင်တယ် :D
    ပျော်ရွှင်ပါစေခင်ဗျ :)

    ReplyDelete
  4. အမေချစ်သားတစ်ယောက်ရဲ့အမေ့ကိုချစ်စိတ်ပေါ်လွင်
    ပါပေတယ်။

    ReplyDelete
  5. ကဗျာလေး ဖတ်လိုက်တာနဲ့တင် အမေ့ပါးက သနပ်ခါးနံ့ကို ခံစားမိတယ် မောင်လေးရေ... :)

    ReplyDelete
  6. သင်းသင်းမွှေး သနပ်ခါးရနံ့လေး ...

    ReplyDelete
  7. အမေ့ပါးကသနပ်ခါး

    ReplyDelete
  8. တအားကုန် မွှေးကာ ရှိုက်လိုက်မယ် ဆို ရှိုက်လိုက်မယ်ပေါ့
    ဘယ်နှယ့် အမယ့်ပါးက သနပ်ခါးရတာတုန်း ။
    ဟွင်းဟွင်းးးးးး ဟွင်း

    ReplyDelete
  9. တော်ပါပေတယ် ပေစိ (အဲလေ..) မောင်ဝဿန် ရယ်... :)

    ReplyDelete